ဟုတ်လောက်ပါပေတယ်
24-Aug-2017
စာအုပ်ဆိုင်တွင် စာရေးဆရာကြီးက အရောင်းစာရေးမလေးအား -
“ ဘယ်လိုလဲ၊ ဆရာ့စာအုပ်တွေ ရောင်းကောင်းလား ”
“ ကောင်းပါတယ်ဆရာ၊ ဝယ်သူတစ်ယောက်က ပြောသွားသေးတယ်၊ စာရေးဆရာတစ်ယောက်ရဲ့ စာပေဟာ သူသေမှ ပိုတန်ဖိုးရှိတာတဲ့ ”
“ မှန်တာပေါ့၊ ဒါနဲ့သူက ဘယ်သူလဲသိလား ”
“ သိပါတယ်၊ ဆရာကြီးကို ဆေးကုပေးနေတဲ့ ဆရာဝန် ”
“ ဟိုက် ”
Credit: မှူးအိမ်ဇင်